၂၀၁၇ သီတင်းကျွတ်လပြည့်၊ အဘိဓ္မာ အခါတော်နေ့ ပ၀ါရဏာနှင့် ပဌာန်းပွဲ

“သီတင်းကျွတ်ပွဲ ရွှင်ပျော်နွှဲဘို့ အားခဲလို့ ကျောင်းတော်ဆီသို့ ကြွကြစို့”
ဒကာ၊ ဒကာမအပေါင်းသူတော်ကောင်းတို့—-
အမေရိကန်နိုင်ငံ၊ အင်ဒီးယားနားပြည်နယ်၊ ဖို့ဝိန်းမြို့ ဓမ္မရက္ခိတကျောင်းတိုက် တွင်နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဝါလကင်းလွတ် သီတင်းကျွတ်ကာလ အခါသမယ အဘိဓမ္မာအခါတော်နေ့မှာ ကျင်းပပူဇော်ကြမည့် (သတ္တမ)အကြိမ်မြောက် မဟာသံဃပဝါရဏာပွဲ၊ (ပဉ္စမ)အကြိမ်မြောက် ပဋ္ဌာန်းမြတ်ဒေသနာ ရွတ်ဖတ်
ပူဇော်ပွဲ၊ နံက်အရုဏ်တက်ဆွမ်းတော်ကြီး ကပ်လှူပွဲနှင့် သီတင်းကျွတ်ဆီမီး တစ်ထောင်ပူဇော်ပွဲများကို ဆရာဒကာ လက်တွဲညီစွာ မြတ်စွာဘုရားရှင်၏ သာသနာကိုပူဇော်ထောက်ပံ့ ကုသိုလ်ယူ ကြမည့် နေ့ထူးနေ့မြတ်အခါ ကျင်းပပူဇော်ရာပွဲတော်များသို့ အောက်ဖေါ်ပြပါ ဖိတ်စာကြော်ငြာများအတိုင်း ကြွရောက်လှူဒါန်း၊ ပူဇော်ကုသိုလ် ယူကြဘို့မေတ္တာရှေ့ထား ကာဖြင့် အသိပေး၊
တိုက်တွန်း၊ နှိုးဆော် ဖိတ်ကြားလိုက်ရပါသည် သဒ္ဓါကြည်လင်ပါရမီရှင်
ဒကာ၊ ဒကာမ အပေါင်း သူတော်ကောင်းတို့

By |Tuesday, October 3, 2017|Event|0 Comments

၂၀၁၇ ၀ါဆို သင်္ကန်း ဆက်ကပ်ပွဲ

“ဝါဆိုသင်္ကန်း ကပ်လှူဒါန်း ကြွလှမ်းအထက်ရွာ”
ဒကာ၊ ဒကာမအပေါင်းသူတော်ကောင်းတို့—-
အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ်၊ ဖို့ဝိန်းမြို့
ဓမ္မရက္ခိတကျောင်းတိုက်မှာ ဝါဆိုဝါကပ်တော်မူကြကုန်သော
သံဃာတော်အရှင်သူမြတ်တို့အား သံဃဂုဏ်ကိုအာရုံပြုလျှက် —-
“နှစ်စဉ်ယူကြ ကုသလဖြစ် ကာလစစ်မို့ အနှစ်လှူဒါန်း မြတ်သင်္ကန်းကို ရည်မှန်းနိဗ္ဗာန် တောင်းဆုပန်၍ လှူရန်ကြုံလှ မြတ်ဒါနကို လှူရဘို့ရာ ဖိတ်ခေါ်ပါသည် ကျောင်းတော်ဆီ”
(၂၀၁၇ခုနှစ်၊ သြဂုတ်လ၊ ၆ရက် – တနင်္ဂနွေနေ့တွင် ပွဲတော်သဘင် ဆင်ယင်ကျင်းပကြပါမည်)

By |Wednesday, July 19, 2017|Event|0 Comments

၂၀၁၇ စုပေါင်းရှင်ပြု၊ ရဟန်းခံ၊ သီလရှင်ဝတ်ပွဲ နှင့် (၇)ရက် တရားစခန်းပွဲ

“မြတ်ဗုဒ္ဓသာသနာတော်မြတ်ကြီးအား ကြည်ညိုလေးစား မြတ်နိုးအားထားကြကုန်သော သာသနာဆွေတော်မျိုးတော် သာသနာပြုဒကာ၊ ဒကာမအပေါင်းသူတော်ကောင်းတို့—”
အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ်၊ ဖို့ဝိန်းမြို့
ဓမ္မရက္ခိတကျောင်တိုက်၏အစဉ်အလာမပျက်နှစ်စဉ်ကျင်းပမြဲဖြစ်သော
စုပေါင်းရှင်ပြု၊ ဒုလ္လဘရဟန်းခံ၊ သီလရှင်ဝတ်ပွဲနှင့် (၇)ရက်ဝိပဿနာ တရားစခန်းပွဲတော်ကြီးကို အောက်ဖေါ်ပြပါကြော်ငြာများပါအစီအစဉ် များအတိုင်းမြန်မာရိုးရာအဆင်အလာအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါ၍ သာသနာ့အမွေခံယူပွဲတော်ကြီးတွင် မိမိတို့ရင် မှဖြစ်သောသား၊ မြေး၊ မြစ်ရတနာ၊ သူတစ်ပါးရင်မှဖြစ်သော သား၊ မြေး၊ မြစ်ရတနာတို့ကို ခက်ခဲ ကြောင်းကျ ပူပန်မှုအလျင်းမရှိစေရပဲ (၈)ဖြာ ပရိက္ခရာစုံလင်စွာဖြင့် သာသနာ့ဘောင်အတွင်း သွတ်သွင်းချီးမြောက် ပြီး သာသနာ့ဒါယကာ၊ သာသနာ့အမွေခံများ ခံယူနိုင်ကြပါရန် ဓမ္မရက္ခိတကျောင်းတိုက်၊ ထေရဝါဒဗုဒ္ဓသာသနာအဖွဲ့မှကြီးမှုးဦးဆောင် စီစဉ်ဆောင်ရွက်သာသနာပြုကုသိုလ်များရယူကြမည်ဖြစ်ပါ၍ ရှင်သာမဏေ၊ ဒုလ္လဘရဟန်းနှင့် သီလရှင်ဝတ်လိုသူများ ကျောင်းတော် သို့ စတင်စာရင်းပေးသွင်းနိုင်ကြပါကြောင်းသတင်းကောင်းပါး၊ အသိပေး၊ တိုက်တွန်း၊ နှိုးဆော်ဖိတ်ကြားလိုက်ရပါသည်သာသနာ့ ဆွေတော်မျိုးတော်အပေါင်းသူတော်ကောင်းတို့
ဆက်သွယ်ရန်။ ကျောင်းဖုန်း ၂၆၀ ၄၄၇ ၉၀၀၉

By |Wednesday, June 14, 2017|Event|0 Comments

၂၀၁၇ ညောင်ရေသွန်း ပွဲတော်နှင့် ဆရာတော်နှစ်ပါး မွေးနေ့အကြိုပွဲ

ဒကာ၊ ဒကာမအပေါင်းသူတော်ကောင်းတို့—–
အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ်၊ ဖို့ဝိန်းမြို့
ဓမ္မရက္ခိတကျောင်းတိုက်၏နှစ်စဉ်ကျင်းပမြဲဖြစ်သော ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်ကို ယခုနှစ်တွင်လည်း ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် မေလ၁၈/ ၁၉ရက်တွင်မွေးနေ့ ကျရောက်ကြမည့် ဓမ္မရက္ခိတဆရာတော်နှစ်ပါး၏ မွေးနေ့အကြို ပွဲတော်ကိုပါ တစ်ပေါင်းတည်းကျင်းပမည်ဖြစ်ပါ၍ ဗုဒ္ဓ၊ ဓမ္မ၊ သံဃ ရတနတ္တပူဇာပွဲတော်မင်္ဂလာသို့ အောက်ဖေါ်ပြပါဖိတ်စာပါ အစီအစဉ်အတိုင်းကြွရောက်ကုသိုလ်ယူနိုင်ကြပါရန် အသိပေး၊ နှိုးဆော်၊ တိုက်တွန်း၊ ဖိတ်ကြားလိုက်ပါရပါသည် ဒကာ၊ ဒကာမ အပေါင်း သူတော်ကောင်းတို့

By |Thursday, May 4, 2017|Event|0 Comments

၂၀၁၇ နှစ်သစ်ကူး သက်ကြီး ပူဇော်ပွဲ

အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ်၊ ဖို့ဝိန်းမြို့
ဓမ္မရက္ခိတကျောင်းတိုက်၏နှစ်စဉ်ကျင်းပမြဲ မြန်မာ့နှစ်သစ်ကူး
သင်္ကြန်ကာလ အခါသယ သက်ကြီးပူဇော်ပွဲတော်ကို
၂၀၁၇ခုနှစ်၊ ဧပြီလ၊ ၁၆ရက်နေ့မှာကျင်းပပူဇော်ကြဖြစ်ပါ၍
ဒကာ၊ ဒကာမများအားလုံးကုသိုလ်ထူးများဆည်းပူနိုင်ရန်
အနီးကပ်ထပ်မံလို့အသိပေး နှိုးဆော် တိုက်တွန်းဖိတ်ကြား
လိုက်ရပါသည်ဒကာ၊ ဒကာမအပေါင်းသူတော်ကောင်းတို့

By |Sunday, April 30, 2017|Event|0 Comments

၂၀၁၇ မဟာဒုတ်မဲနှင့် ထမနဲပွဲတော်

ဓမ္မမိတ်ေ်ဆွအပေါင်းသူတော်ကောင်းတို့ခင်ဗျား
ဓမ္မရက္ခိတကျောင်းတိုက်၏နှစ်စဉ်ကျင်းပမြဲဖြစ်သောမဟာဒုတ်စာရေးတံမဲနှင့် မြန်မာရိုးရာထမနဲပွဲတော်ကို
အောက်ဖေါ်ပြပါဖိတ်စာပါအစီအစဉ်အတိုင်းကျင်းပပြုလုပ်ကြမည်ဖြစ်ပါ၍၊ သာသနာကြည်ညိုမှီခိုပြီး တန်ဘိုးထား မြတ်နိုးလေးစားကြကုန်သောသာသနာပြုဒကာ၊ ဒကာမအပေါင်းတို့အနေဖြင့်
တစ်နှစ်မှတခါသာပြုလုပ်ကျင်းပသောထမနဲပွဲတော်ကြီးနှစ်စပ်လျှင်ပြီး ရယူဆည်းပူးနိုင်ကြမည့်
ကုသိုလ်ထူးများကိုကြိုးစားအားခဲကာ ပွဲတော်ကျင်းပရာဓမ္မရက္ခိတကျောင်းတိုက်သို့ကြွရောက်ပြီး ကုသိုလ်ထူးများဆည်းပူးကုသိုလ်ယူနိုင်ကြပါရန်နိဗ္ဗာန်အကျိုးရည်မျှော်ကိုးလျှက်ဖိတ်ကြားလိုက်ပါသည်
သူတော်ကောင်းအပေါင်းတို့ခင်ဗျား
ထေရဝါဒဗုဒ္ဓသာသနာအဖွဲ့ 

By |Thursday, February 16, 2017|Event|0 Comments

၂၀၁၆ ဒီဇင်ဘာ – တရား စခန်းပွဲ

By |Monday, December 19, 2016|Event|0 Comments

ကထိန် သင်္ကန်း ဆက်ကပ်ပွဲ

“ကာလဒါန မြတ်ပုည အရဆည်းပူကြ”
ဒကာ၊ ဒကာမအပေါင်းသူတော်ကောင်းတို့
အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ်၊ ဖို့ဝန်းမြို့
ဓမ္မရက္ခိတကျောင်းတိုက်တွင် ပုရိမဝါမှထမြောက်တော်မူကြကုန်သော
သံဃာတော်အရှင်သူမြတ်တို့အား ကျိုးအင်ငါးဖြာပြည့်စုံပါတဲ့ ကထိန်လျာ
သင်္ကန်းဆက်ကပ်လှူဒါန်းပွဲတော်ကို( အောက်တိုဘာလ၊ ၂၃ရက်)နေ့တွင်
ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ ရပ်ဝေး၊ ရပ်နီးအသီးသီးမှ ဒကာ၊ ဒကာမပေါင်း သူတော်ကောင်းတို့အား ကထိန်သင်္ကန်း ကပ်လှူဒါန်းမည့် ကာလဒါန
မြတ်ပုည အရဆည်းပူနိုင်ကြပါရန်အကျိုးမျှော်ကာ အသိပေး၊ တိုက်တွန်း
နှိုးဆော်ဖိတ်ကြာလိုက်ရပါသည် ဒကာ၊ ဒကာမအပေါင်းသူတော်တို့

By |Tuesday, October 11, 2016|Event|0 Comments

သီတင်းကျွတ် လပြည့်၊ အဘိဓ္မာ အခါတော်နေ့ ပ၀ါရဏာနှင့် ပဌာန်းပွဲ

“ဝါလကင်းလွတ်သီတင်းကျွတ် ပွဲတော်အခါအဘိဓမ္မာ”
ဒကာ၊ ဒကာမအပေါင်းသူတော်ကောင်းတို့
အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ်၊ ဖို့ဝိန်းမြို့
ဓမ္မရက္ခိတကျောင်းတိုက်တွင် သီတင်းကျွတ်ကာလ အခါသမယမှာ ကျင်းပမြဲဖြစ်သည့် အဘိဓမ္မာတော်နေ့ပွဲတော်များဖြစ်သော (စတုတ္ထ)အကြိမ်မြောက်(၃)ရက်
ပဋ္ဌာန်းမြတ်ဒေသနာ ရွတ်ဖတ်ပူဇော်ပွဲ၊ (ဆဋ္ဌမ) အကြိမ်မြောက်ကျင်းပပြုလုပ်မည့် သံဃမဟာပဝါရဏာပွဲနှင့် ဆီမီးပူဇော်ပွဲ
တော်ကို ရှီကာဂို၊ မီရှီဂန်၊ စပရင်ဖီး၊ ကန္တကီ၊ အိုဟိုင်းအိုး၊ မယ်ဝေါကီး စသည့်မြို့များမှ ဆရာတော်သံဃာတော်များနှင့် ဖို့ဝိန်းမြို့ ကျောင်းတိုက် အသီးသီးမှဆရာတော်သံဃာတော်များကြွရောက်ချီးမြှင့်ကြမှုဖြင့် ၁၃၇၈ခုနှစ်၊ သီတင်ကျွတ်လ္ဆန်း ၁၃၊ ၁၄၊ ၁၅ရက်၊ (၂၀၁၆ခု၊ အောက်တို ဘာလ၊ ၁၄၊ ၁၅၊ ၁၆ရက်နေ့များတွင် အဘိဓမ္မာအခါတော်နေ့ပွဲတော်များကို
ကျင်းပပြုလုပ်ဖြစ်ပါကြောင်းကြိုတင်သတင်းကြား၊ နှိုးဆောက်လိုက်ရပါသည်
ဒကာ၊ ဒကာမအပေါင်းသူတော်ကောင်းတို့—

By |Monday, September 5, 2016|Event|0 Comments

ဝါဆို သင်္ကန်း ဆက်ကပ်ပွဲ

“ကြိုတင်သိကြောင်း သတင်းကောင်း”
ဒကာ၊ ဒကာမအပေါင်းသူတော်ကောင်းတို့
အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ်၊ ဖို့ဝိန်းမြို့
ဓမ္မရက္ခိတကျောင်းတိုက်၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော
စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကုသိုလ်ပြုပွဲကို
၂၀၁၆ခု၊ သြဂုတ်လ၊ ၂၈ရက် – တနင်္ဂနွေနေ့မှာ ကျင်းပပြုလုပ်
သင်္ကန်းဝါဆို မြတ်ကုသိုလ်များဆည်းပူးနိုင်ကြပါစေရန်
ကြိုတင်အကြောင်းကြားအသိပေးနှိုးဆောက်လိုက်ပါသည်
သူတော်ကောင်းအပေါင်းတို့

By |Monday, September 5, 2016|Event|0 Comments