“သီတင်းကျွတ်ပွဲ ရွှင်ပျော်နွှဲဘို့ အားခဲလို့ ကျောင်းတော်ဆီသို့ ကြွကြစို့”
ဒကာ၊ ဒကာမအပေါင်းသူတော်ကောင်းတို့—-
အမေရိကန်နိုင်ငံ၊ အင်ဒီးယားနားပြည်နယ်၊ ဖို့ဝိန်းမြို့ ဓမ္မရက္ခိတကျောင်းတိုက် တွင်နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဝါလကင်းလွတ် သီတင်းကျွတ်ကာလ အခါသမယ အဘိဓမ္မာအခါတော်နေ့မှာ ကျင်းပပူဇော်ကြမည့် (သတ္တမ)အကြိမ်မြောက် မဟာသံဃပဝါရဏာပွဲ၊ (ပဉ္စမ)အကြိမ်မြောက် ပဋ္ဌာန်းမြတ်ဒေသနာ ရွတ်ဖတ်
ပူဇော်ပွဲ၊ နံက်အရုဏ်တက်ဆွမ်းတော်ကြီး ကပ်လှူပွဲနှင့် သီတင်းကျွတ်ဆီမီး တစ်ထောင်ပူဇော်ပွဲများကို ဆရာဒကာ လက်တွဲညီစွာ မြတ်စွာဘုရားရှင်၏ သာသနာကိုပူဇော်ထောက်ပံ့ ကုသိုလ်ယူ ကြမည့် နေ့ထူးနေ့မြတ်အခါ ကျင်းပပူဇော်ရာပွဲတော်များသို့ အောက်ဖေါ်ပြပါ ဖိတ်စာကြော်ငြာများအတိုင်း ကြွရောက်လှူဒါန်း၊ ပူဇော်ကုသိုလ် ယူကြဘို့မေတ္တာရှေ့ထား ကာဖြင့် အသိပေး၊
တိုက်တွန်း၊ နှိုးဆော် ဖိတ်ကြားလိုက်ရပါသည် သဒ္ဓါကြည်လင်ပါရမီရှင်
ဒကာ၊ ဒကာမ အပေါင်း သူတော်ကောင်းတို့

Comments

comments