ဆရာတော်စာမျက်နှာများ ဓမ္မ စာမျက်နှာများ ပွဲတော် မှတ်တမ်းများ
တရားတော် ဗွီဒီယိုများ ဓမ္မဆောင်းပါးများ အမေးအဖြေများ
တရားတော် MP3 များ ဓမ္မ စာအုပ်များ about us

Latest Events (ပွဲတော်များ)

 

ကျောင်းဆောင်သစ် တိုးချဲ့မှု မှတ်တမ်းများ

ဆောင်ရွက်ပြီးစီးမှု အခြေအနေ

ဆွမ်းစားဆောင် 50%
ယောဂီဆောင် 100%
စံကျောင်း 100%
ဓမ္မာရုံ 100%

အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ်၊ ဖို့ဝိန်းမြို့ ဓမ္မရက္ခိတကျောင်းတိုက် တွင်နှစ်စဉ်ရာသီ အလိုက် ဗုဒ္ဓဘာသာ အပေါ်   ယုံကြည် သက်ဝင် ကြည်ညို လေးစား တန်ဘိုးထား၊ အားထား ကြကုန်သော ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ ပွဲတော်များအလိုက် ကောင်းမှုကုသိုလ် များပြုလုပ်၍၊ တရားနာယူ၊ တရားဘာဝနာများ ပွါးများအားထုတ်နိုင်ကြရန် ဝါဆို၊ အဘိဓမ္မာ အခါတော်နေ့ ပဝါရဏာ၊ ပဋ္ဌာန်း၊ ကထိန်၊ ထမနဲ့၊ သင်္ကြန် သက်ကြီး ပူဇော်ပွဲ၊ ဗုဒ္ဓနေ့ ကဆုန် ညောင်ရေသွန်းပွဲ၊ စုပေါင်းရှင်ပြု ရဟန်းခံ သီလရှင်ဝတ်ပွဲ၊ ဝိပဿ      နာတရားစခန်း ပွဲအစရှိသည့် ဘာသာရေး ပွဲတော်များ ကိုအမိမြမန်မာပြည်နဲ့ မခြားအထူး စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်လျှက်ရှိပါသည်၊ ထိုကဲ့သို့ပွဲတော်များ ကျင်းပရာတွင်ဆရာတော် သံဃာတော်များ သီတင်းသုံးဆောင်၊ တရားနာယူ၊ တရားဘာဝနာများ ပွါးများအားထုတ်မည့် ကျောင်းဆောင်နှင့် သီလရှင်များ အမျိုးသမီး ယောဂီများ နားနေဆောင်စသည့် အဆောင်များ မှာပြည့်စုံ လျှက်ရှိပြီး အေးချမ်းစွာ သာသနာ  ပြု  နိုင်ကြပါပြီ၊ သို့ပေမယ့် ထိုထိုသော ပွဲတော်များသို့ ကြွရောက် လာကြသည့် ဆရာတော် သံဃာတော်များ၊ ယောဂီများ၊ ရပ်ဝေ၊ ရပ်နီးမှ ဧည့်ပရိတ်သတ် များအား ကျွေးမွေး ဧည့်ခံရာတွင် နေရာထိုင်ခင်း သီးသန့် မရှိသေး၍ အဆင်ပြေသလို ကားဂိုထောင်၊ ဧည့်ခန်း၊ ဘုရားခန်း အစရှိသော နေရာများတွင် ကျွေးမွေးဧည့်ခံနေရသည်မှာ စားသူ၊ ကျွေးမွေးဧည့်ခံ သူများမှာ နေရာထိုင်ခင်း မပြည့်စုံသည့် အတွက်အလွန်ပင် အခက်အခဲ ဖြစ်ကြရပါသည်၊ အထူးသဖြင့် ဆောင်းရာသီနှင့် မိုးရာသီများမှာ ပို၍ပင်ခက်ခဲလှပါသည်၊ သို့အတွက်ကြောင့် သာသနာမှီခို ကြည်ညိုကြ ကုန်သောသဒ္ဓါကြည်လင် ပါရမီရှင်တို့၏ စေတနာ သဒ္ဓါတရား ကုသိုလ်အားဖြင့် လှူဒါန်း ဆောက်လုပ်ကြမည့် ဆွမ်းစားကျောင်းတော်ကြီး ကို ယခုလာမည့် သက်ကြီးပူဇော်ပွဲတွင် ပန္နက်ရိုက်ပြီး ဇူလိုင်လရှင်ပြု ရဟန်းခံပွဲတော်နှင့် အတူ ရေစက်သွန်းချနိုင်ရန် ဆောက်လုပ်တော့ မည်ဖြစ်ပါသည်။ သာသနာပြုဒကာ၊ ဒကာမများအနေဖြင့် မိမိတို့ တတ်စွမ်းသမျှ ဆွမ်းစားကျောင်းဆောင် အလှူတော်များ ထည့်ဝင် လှူဒါန်းကြပြီး ကြုံရခဲ့သည့် ကျောင်းဒါယကာ၊ ဒါယိကာမများ အဖြစ် ခံယူနိုင်ကြပါရန် နိဗ္ဗာန်အကျိုး မျှော်၍နှိုးဆောက်တိုက်တွန်း လိုက်ရပါသည် သူတော်ကောင်း အပေါင်းတို့ ခင်ဗျား။

ဓမ္မရက္ခိတကျောင်းတိုက်
ထေရဝါဒဗုဒ္ဓသာသနာအဖွဲ့

ဆက်သွယ်လှူ ဒါန်းရန်

8133 Hartzell Road
Fort Wayne, IN 46816
Phone: (260) 447-9009